မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေပေး

မြောက်ဥက္ကလာပ ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရယ်ကင်းရှင်းစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ခေမာသီလမ်းနှင့် မေဓာဝီလမ်းဆုံ (ဈ) ဈေးမီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်နှင့် တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့က ခေမာသီလမ်းနှင့် မေဓာဝီလမ်းဆုံ (ဈ) ဈေးမီးပွိုင့်အနီးတွင် သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်မောင်းနှင်စဉ် အသက်ကယ်ထိုင်ခုံခါးပတ်ပတ်၍ မောင်းနှင်းကြရန်၊ ယာဉ်မောင်းနှင်းစဉ်လက်ကိုင်ဖုန်း အသုံးမပြုရန်နှင့် သတ်မှတ်ဖောင်းကြွနံပါတ်ပြားမဟုတ်ဘဲ အလှနံပါတ်ပြားမတပ်ရန်နှင့် ပါဝါအိတ်ဇောမတပ်ရန် ယာဥ်/လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)