ညောင်တုန်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသော "ခရောင်းလမ်း ကိုဖြတ်ကျော်ခြင်း"စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌဦးစန်းမြင့်က အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲဝင် စာရေးဆရာ မင်းဝေမှူးနှင့် ဦးလှအောင်တို့က ဦးဆောင်၍ စာရေးဆရာ နန္ဒာသိန်းဇံ၏ " ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း"စာအုပ်ပါ အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာ ရှင်များနှင့်အတူ ဆွေးနွေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်ပြပွဲများ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)