မြောင်းမြမြို့နယ်တွင်ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက် ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ကညင်ချောင်း ကျေးရွာအုပ်စု၊ မြစိမ်းရောင်ကျေးရွာမြစိမ်းတောင်သာသနာ့နယ်မြေတွင် ယမန်နေ့နံနက်  ၇ နာရီ ၃၀ အချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အခမ်းအနားသို့ မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ခရိုင်/မြို့နယ် ဦးစီးဌာနများနှင့်ဒေသခံ ပြည်သူများတက်ရောက်ကြသည်။

 အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မန်ဂျန်ရှား ၊ ပျဉ်းကတိုး ၊ ကံ့ကော်နှင့် ခရေစုစုပေါင်း ၁၀၀၀ ပင်တို့အား သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသောဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများကသတ်မှတ်နေရာများတွင် စုပေါင်းပါဝင် စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဖြိုး(ပြန်/ဆက်)