ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ မိုးညှင်းမြို့နယ်၌ ကျင်းပ

မိုးညှင်း    ဇူလိုင်  ၇

၂၀၂၆ ခုနှစ်၊ ဇူလိုင် (၆)ရက်တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၈)နာရီက ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာရှိ စိန့်ဂျိုးဇက်ဘုရားရှိခိုးကျောင်းဝင်း၌ ကျင်းပသည်။

ဦးစွာ သစ်ပင်မစိုက်ပျိုးမီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထက်အောင်၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးမြသိန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် မြို့နယ်သစ် တောဦးစီးဌာနမှ တာဝန်ရှိသူတို့က ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူ ကျေးရွာသားများထံ စိုက်ပျိုးမည့်ပျိုးပင်များအား အသီးသီး ပေးအပ်ကြသည်။

ဆက်လက်၍ သစ်ပင်စိုက်ပျိုးကြရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်များအား ပံ့ပိုးကူညီမှုဖြင့် အမြင့်နှစ်ပေနှင့်အထက်ရှိသော အရိပ်ရ နှစ်ရှည်ပင်များဖြစ်သည့် ကံ့ကော် (၁၀၀)၊ ကျွန်း (၈၀)၊ သပြေ (၆၀)နှင့် ခရေ (၅၀) စုစုပေါင်း ပျိုးပင်မျိုးစိတ် လေးမျိုးနှင့် အပင်အရေအတွက် (၃၀၀)ပင်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်မှသက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် စီမံကိန်းကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများက တပျော်တပါး စုပေါင်းစိုက် ပျိုးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း