ကျေးသီး ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် မိုးရာသီအလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီက မြို့နယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မိုင်းနောင်အသင်းနှင့် ဝမ်ဝအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ဝမ်ဝအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ နေရာအလိုက်အကောင်းဆုံးဆုရ အားကစားသမားများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမွန်းအောင်နှင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေများနှင့် ဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျေးသီး(ပြန်/ဆက်)