သုံးခွ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခြင်းကို ဇူလိုင် ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကိုကိုခိုင်နှင့် ဝန်ထမ်းများက သုံးခွမြို့ပေါ် ရပ်ကွက်သုံးရပ်ကွက်အအတွင်းရှိ ခွေးအကောင်ရေ ၃၅ ကောင်နှင့် ကြောင် ၁၅ ကောင်တို့အား ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)