ရန်ကင်းမြို့နယ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကင်း ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့နံနက်ပိုင်းကကျောင်းကျန်းမာရေးဌာနမှ ဒေါက်တာ နန်းစံအံ့ထူး (သွားနှင့်ခံတွင်းကျန်းမာရေး) ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးပညာပေး ဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ပဏာမမျက်စိစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း ရောဂါများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများအား စနစ်မှန်သွားတိုက်နည်းကို လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့ပြီး “သန့်လေးသန့်”၊ “ရန်သူ” နှင့် “အစာစားမယ်” ကဗျာများကို သင်ကြား ပေးခဲ့သည်။ ထို့အပြင် ကျောင်းမုန့်ဈေးတန်းများအား ကျန်းမာရေးနှင့် ညီညွတ်စေရေး အတွက် စစ်ဆေးကြည့်ရှုခြင်းများ ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

ရန်ကင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး အသိပညာ တိုးတက်မြင့်မားလာစေရေးနှင့် ကျန်းမာရေးကောင်းမွန်သော ကျောင်းပတ်ဝန်းကျင် ဖြစ်ပေါ်စေရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

လှလှထွေး(ပြန်/ဆက်)