ရန်ကုန် ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက် မေတ္တာလမ်း အမျိုးသမီးနှင့်ကလေးဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးနှင့်ကလေးဆေးရုံအုပ် ဒေါက်တာယဉ်ယဉ်ထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးကုသပေးခြင်း၊ သားဖွားမီးယပ်ဆရာဝန် ဒေါက်တာတင်မျိုးသူက သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါနေရာသို့ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့် အဖွဲ့ဝင်များ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပမြို့နယ်များမှ မိခင်နှင့်ကလေး စောင့်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သာအိမ်ခေါင်းကင်ဆင်အကြိုအဆင့်စစ်ဆေးရာတွင် ကူညီဆောင်ရွက်ပေးခြင်း၊ လာရောက်စစ်ဆေးမှုခံယူနေသူများအား အအေးနှင့်မုန့်များ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)