သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးတင်အေး အင်္ဂပူမြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးတင်အေးသည် ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းခုနစ်ကျောင်း ထပ်မံယာယီပိတ်ထား
Jul 14,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း ခုနစ်ကျောင်း၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဇူလိုင်လ ၁၂ ရက်မှစတင်ပြီး ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရှမ်းတဲကြီးကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦသစ်တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ
Jul 14,2024
နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီးကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါစာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလွတ်တန်း ပန်းချီပြိုင်ပွဲ ကျင်းပ
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြို့နယ်ပန်းချီချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အလွတ်တန်း ပန်းချီပြိုင်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာရှိ အောင်တံခွန်ဘုရားကြီးကျောင်းအနီးတွင် ကျင်ပခဲ့သည်။
ငါးသိုင်းချောင်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက စာပေချစ်သူများအသင်း(Book Club)နှင့် လူငယ်အသင်း(Youth Club)၊ အမျိုးသမီးအသင်း(Women Club)တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် စာပေတာဝန်စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jul 14,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပါဝင်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဖံဖကျေးရွာအုပ်စု၊ ကော့ကဒဲ့ကုန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် ရေသန့်နှင့် ရေသန့်ဘူးကတ်များ သွားရောက်ထောက်ပံ့
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ကျေးရွာများဖြစ်သည့် သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာနှင့် ကံလှကျေးရွာတို့မှ ကျွဲနွားတိရစ္ဆာန်များ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရသည့် ဒေသခံပြည်သူများအတွက် သောက်သုံးရေ အဆင်ပြေစေရန် ယနေ့နံနက် ၉ နာရီက မြို့နယ်သဘာဝ ဘေးအန္တရာယ်လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့က ရေသန့်နှင့် ရေသန့်ဘူးကတ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။