သတင်းများ

ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရေဘေးသင့်ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအား ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေး
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအား တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ မဖြစ်ပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက ရေဘေးရှောင်နေရာများသို့ သွားရောက်ပြီး ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Jul 14,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
Jul 14,2024
အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း အဆိုပါကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီးဦးစောကြည်နိုင်နှင့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးလှထွန်းတို့က ဦးသာညှင်းကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပတ်ဖျန်းခဲ့ကြသည်။
တိုက်ကြီးမြို့နယ် ဧက(၂၀၀၀)မွေးမြူရေးဇုန်ရှိ သနပ်ချောင်းသဘာဝရေပြင်အတွင်းသို့  ငါးမျိုးစိုက်ထည့်
Jul 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီက ငါးသယံဇာတတိုးပွားလာစေရန် ရည်ရွယ်၍ ဧက(၂၀၀၀)မွေးမြူရေးဇုန်ရှိ သနပ်ချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဝါးခယ်မမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနား တက်ရောက်
Jul 14,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော တောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက် အမြင့်ဆုံးစံချိန်တင်‌‌ရှိခဲ့သည့် ရေမှတ်သို့ရောက်ရှိရန်  ၂ စင်တီမီတာသာလို
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၈၂ စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့၏ ၂၀၀၄ ခုနှစ်တွင် အမြင့်ဆုံးစံချိန်တင်‌ရောက်ရှိခဲ့သည့် ၂၂၈၄ စင်တီမီတာသို့ရောက်ရှိရန် ၂ စင်တီမီတာသာလိုတော့ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့နယ်၌ ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်း ရေကြီး၊ ရေလျှံမှုများကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်နှင့် ရင်ဆိုင်ရနိုင်သည့် ဘေးအန္တရာယ်များအလိုက် ‌အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို သိရှိစေရန်အတွက် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ပင်းဝကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ ပင်းစက္ကလံပဘုရားဝန်းတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြို့၊ ရေဘေးရှောင်စခန်းများရှိ  အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရေဘေးရှောင်စခန်းများရှိ ပြည်သူအိမ်ထောင်စုများအား ဌာဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်တွင် အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ကြကြောင်း သိရသည်။