သတင်းများ

စမ်းချောင်းမြို့နယ်တွင် ပြင်းထန်၀မ်းပျက်၀မ်း‌‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားသည့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်
Jul 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၊ Baby City Shopping Centre၊ ပြည်သူ့ရင်ပြင်ခိုင်ခိုင်ကျော်မြန်မာထမင်းဆိုင်နှင့် ရွှေကောင်းဟောပေါ့ဆိုင်၊ ပြည်သူ့ရင်ပြင်ကစားကွင်း Natural World သောက်သုံးရေကန်၊ ဗဟိုသားဖွားသင်တန်းကျောင်း၊ ဗဟိုအမျိုးသမီးဆေးရုံ၀န်ထမ်းအိမ်ယာ၊ ပြည်သူ့ရင်ပြင်ကုမ္ပဏီအိမ် ‌ထောင်သည်၀န်ထမ်းလိုင်းခန်း၊ လွှတ်တော်၀န်း၊ စကားဝါလမ်းရှိ ဆောက်လုပ်ရေး၀န်းတို့တွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်းအခမ်းအနား ကျင်းပ
Jul 14,2024
မုံရွာမြို့ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ရပ်ကွက်ရှိ အောင်မြေလောကဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်မှ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုဝင်မိသားစုများအား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ပေး
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ပြီး စိုးရိမ်ရေအမှတ် (၁၇၀၀) စင်တီမီတာအထက်သို့ ကျော်လွန်နေပြီဖြစ်ရာ မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုဝင်များအား ကုန်းမြင့်ပိုင်းရှိ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းပေးနေကြောင်း မင်းဘူးမြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
ပုံပါကျင်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးဟောပြောပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်
Jul 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးဟောပြောပွဲကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖ ပြည်သူများထံသို့ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ် ထုံးဘိုအုပ်စု၊ ခတ္တိယရပ်ကွက်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူနေအိမ်ရှိပစ္စည်းများ ပြောင်းရွှေ့ပေး
Jul 14,2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ ထုံးဘိုအုပ်စု ခတ္ထိယရပ်ကွက်အတွင်း၌ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဧရာဝတီမြစ်ရေ(၄)ပေခန့် မြင့်တက်လာမှုကြောင့် လူနေအိမ်(၆)လုံးသို့ ရေများဝင်လာပြီး စိုးရိမ်ရသည့် အခြေအနေရှိသည့်အတွက် လူများနှင့် နေအိမ်ရှိ အရေးကြီးပစ္စည်းများအား ထုံးဘိုမြို့ မြသိန်းတန်ဘုရားဝန်းအတွင်းရှိ ဘုရားတန်ဆောင်များသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ကြည့်ရှု အားပေး
Jul 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များအနက် ကြိုတင်ခန့်မှန်းမရသည့် ငလျင်ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရေန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် လမင်းတရာစာကြည့်တိုက်တို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲကျင်းပ
Jul 14,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်နှင့် လမင်းတရာစာကြည့်တိုက်တို့ ပူးပေါင်းစီစဉ်ကျင်းပသော “စာကြည့်တိုက်များကပေးသော အကျိုးကျေးဇူးများ” စာပေဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၅ ရှိ လမင်းတရာ စာကြည့်တိုက်တွင် ကျင်းပသည်။