ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း
Jul 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်(၂၉၀၀)စင်တီမီတာ၊ (၉၅.၀၀)ပေထိမြင့်တက်၍ ရေဝင်အိမ်ထောင်စုများအား မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးသက်ပိုင်ထွန်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့အစည်းများ၊ ရွှေတောင်မြို့နယ်ပရဟိတအသင်းအဖွဲ့များက ရွှေတောင်မြို့နယ်အတွင်းရှိ (ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ မင်းတဲကျွန်းအုပ်စု၊ သောင်ပြင်ကုန်းအုပ်စု)များမှ ဧရာဝတီမြစ်ရေ ယနေ့ထက်မံဝင်ရောက်သည့် အိမ်ခြေ(၉၁)၊ အိမ်ထောင်စု(၁၇၀)၊ လူဦးရေ(၄၉၈)ဦးတို့အား လူအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများကို ဘေးလွတ်ရာရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့သည်။