ချောင်းဆုံ ဇူလိုင် ၁၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပါဝင်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဖံဖကျေးရွာအုပ်စု၊ ကော့ကဒဲ့ကုန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ “သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုးကြပါစို့”ဆောင်ပုဒ်အတိုင်း သက်ရှိအားလုံးရှင်သန်ရပ်တည်နိုင်ရေး သစ်ပင်များစိုက်ပျိုးကာ သစ်တောတွေကို ထိန်းသိမ်းရန် စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူထုဖြန့်ပျိုးပင်များအား ပြည်သူများထံသို့ လွှဲပြောင်းပေးအပ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များက သစ်ပင်စိုက်ပျိုးခြင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသည့် မန်ဂျန်ရှား၊ မဟော်ဂနီ၊ ကျွန်း၊ သင်္ကန်း၊ ပျဉ်းမ၊ ယမနေ၊ မယ်ဇယ်နှင့် မယ်ဇလီ စသည့် သစ်မျိုး(၇)မျိုးအား ပျိုးပင်စုစုပေါင်း (၁၀၀၀)ခန့်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံများ မိုးရာသီစိုက်ပျိုးနိုင်ရန်အတွက် နှစ်ပေရှိ ပျိုးပင်မျိုးစုံ (၁၀၀၀၀)ခန့်ကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)