သတင်းများ

မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  
မောက်မယ်မြို့နယ် မြောက်ကျောင်းတော်၌ အသံမစဲမဟာအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Jul 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြောက်ကျောင်းတော်ဆရာတော်မှဦးစီး၍ နှီးဘုရားတော်အား မြို့ပေါ်ရပ်ကွက်အတွင်း မြို့ပတ်လှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့နံနက် ၁၀ နာရီက လှည့်လည်ပူဇော်ခံပြီး အနေကဇာတင်ပွဲနှင့် နေ့/ညအသံမစဲမဟာအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါကျောင်း၌ စတင်ကျင်းပပြုလုပ်ခဲ့သည်။
ပညာဝေဖြာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 14,2024
“မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ် တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ ဦးဆောင်စီစဉ်မှုဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပညာဝေဖြာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ လှည်းကူးမြို့နယ်ရှိ ပညာဝေဖြာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း စုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့ ကွမ်းခြံကုန်းကျေးရွာတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း ဆောင်ရွက်
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊‌ မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံကုန်းကျေးရွာတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ‌ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကွမ်းခြံကုန်းကျေးရွာတွင် ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ဟင်္သာတမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ယနေ့နံနက် ၈နာရီအချိန်က ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်၊ ကျောက်အိုင်-ကြာကန်စု လမ်းဘေးဝဲယာတွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကျောက်အိုင်-ကြာကန်စုလမ်း လမ်းဘေးဝဲ/ယာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်အိုင်-ကြာကန်စုလမ်း လမ်းဘေး ဝဲ/ယာတွင် ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုလမ်းမကြီးပေါ် ရေကျော်မှုမဖြစ်စေရန် Box /Pipe Culvert အဝင်/အထွက် အမှိုက်ပိတ်ဆို့နေမှုများရှင်းလင်း
Jul 14,2024
မိုးရာသီကာလအတွင်း မိုးရွာ‌သွန်းမှုများခြင်း၊ တောင်ကျရေများစီးဆင်းခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက်  ခမောက်ကြီးမြို့လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက Box /Pipe Culvert  အဝင်/အထွက်ပိတ်ဆို့နေသော ခြုံ၊ နွယ်၊ အမှိုက်များအား ရှင်းလင်းဖယ်ရှားခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jul 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။