ပခုက္ကူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း ခုနစ်ကျောင်း၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဇူလိုင်လ ၁၂ ရက်မှစတင်ပြီး ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပခုက္ကူမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ထပ်မံယာယီပိတ်ထားရသည့်ကျောင်းများမှာ ပေါင်လောင်ရှင်၊ နှုံးပို့ကုန်းနှင့် ကုက္ကိုလှကျေးရွာများမှ အခြေခံပညာမူလတန်းကျောင်း သုံးကျောင်း၊ ကုက္ကိုတန်း၊ ကင်မွန်ခါးနှင့် ကျည်းပင်ခုံကျေးရွာများမှ အခြေခံပညာမူလတန်း(လွန်)ကျောင်း သုံးကျောင်း၊ အနောက်နံဂါတ်ကျေးရွာ အခြေခံပညာအထက်တန်း(ခွဲ)ကျောင်းတစ်ကျောင်း၊ စုစုပေါင်းစာသင်ကျောင်း ခုနစ်ကျောင်းတို့ဖြစ်သည်။
ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများ အနေဖြင့် ယခုအချိန်ထိ အခြေခံပညာမူလတန်း ၁၇ကျောင်း၊ အခြေခံပညာမူလတန်း(လွန်) ခုနစ်ကျောင်း၊ အခြေခံပညာအလယ်တန်း(ခွဲ) နှစ်ကျောင်း၊ အခြေခံပညာအလယ်တန်း(တွဲဖက်) တစ်ကျောင်း၊ အခြေခံပညာအလယ်တန်း သုံးကျောင်း၊ အခြေခံပညာအထက်တန်း(ခွဲ) တစ်ကျောင်း၊ အခြေခံပညာအထက်တန်း တစ်ကျောင်း၊ စုစုပေါင်းအခြေခံ ပညာစာသင်ကျောင်း ၂၅ ကျောင်းတို့ဖြစ်ပြီး ယင်းကျောင်းများရှိ ဆရာ ဆရာမ ၁၈၈ ဦး၊ ကျောင်းသား/ကျောင်းသူ ၄၈၇၆ ဦး၊ စုစုပေါင်း ၅၀၆၄ ဦးတို့ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ကျောင်းများကို ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ကာ သင်ခန်းစာများ နောက်မကျစေရေး စနစ်တကျ ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)