မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလွတ်တန်း ပန်းချီပြိုင်ပွဲ ကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြို့နယ်ပန်းချီချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အလွတ်တန်း ပန်းချီပြိုင်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပန်းချီချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ ဆရာဦးဇော်ဝင်းမှ ပန်းချီပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးကာ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလွတ်တန်းပန်းချီပြိုင်ပွဲတွင် အထက်တန်း ကျောင်သား/သူ (၁၁) ဦး၊ အလယ်တန်း ကျောင်းသား/သူ (၂၈) ဦး၊ မူလတန်း ကျောင်းသား/သူ (၁၅) ဦး ကျောင်းသား/ သူ စုစုပေါင်း (၅၄)ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ၎င်းပြိုင်ပွဲကို (၁၃-၇-၂၀၂၄) ရက်နေ့မှ (၁၄-၇-၂၀၂၄) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)