ကန်ကြီးထောင့် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာရှိ အောင်တံခွန်ဘုရားကြီးကျောင်းအနီးတွင် ကျင်ပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ပုသိမ်မြို့နယ်ဦးစီးအရာရှိ ဦးငြိမ်းချမ်း ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပုသိမ်မြို့နယ် ဦးစီးအရာရှိ ဦးငြိမ်းချမ်း ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တာဝန်ရှိသူများက အဆိုပါသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားတွင် မန်ဂျန်ရှား (၄၇၀)ပင်၊ မဟော်ဂနီ (၁၀)ပင်၊ ယမနေ(၁၀)ပင်၊ ပျဉ်းကတိုး(၅)ပင်နှင့် ကျွန်း(၅)ပင် စုစုပေါင်းပျိုးပင် (၅၀၀)တို့အား ပျော်ရွင်စွာ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)