သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့နယ်တွင် စံပြကွက်စပါး ရိတ်သိမ်းခြင်းနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Jul 15,2024
နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦး​စောလင်းခယ်တို့ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ် မွေတော်ရှမ်းစုကျေးရွာရှိ တောင်သူဦးတင်ဖေ၏ လယ်​မြေဧက(၁၀၀)စံပြကွက်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်သမဖြင့် ကြိုးတန်း လက်စိုက် စိုက်ပျိုးခြင်း၊ တောင်သူဦးတင်ထွေး၏ လယ်​မြေတွင် တတိယသီးနှံ စပါးရိတ်သိမ်းမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအား​ပေးခဲ့ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်း‌‌ကျောင်း၌ (၇၇)နှစ်‌မြောက် အာဇာနည်နေ့ ဟောပြောပွဲ ကျင်းပ
Jul 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာ ဗဟု သုတရရှိရေး (၇၇) နှစ်‌မြောက်၊ အာဇာနည်နေ့ ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ‌ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်‌ရောက်မှုကြောင့် ယာယီပြောင်းရွှေ့‌နေထိုင်သည့် အိမ်‌ထောင်စုများအား မကွေးတိုင်းဒေသကြီး၊ တိုင်းကျန်းမာရေးဦးစီးမှူးမှ ကျန်းမာရေးဆိုင်ရာများ ဆွေးနွေးခြင်းဆောင်ရွက်
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်‌‌‌‌‌‌ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့‌နေထိုင်သည့် အိမ်‌ထောင်စုများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ပင်သာကျေးရွာနှင့် မလွန်ကျေးရွာတို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ရှိမြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ ဓနုဖြူမြို့နယ်၌ မြစ်ရေတက်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2024
မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက ဓနုဖြူမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ဧရာဝတီဆိပ်ကမ်းနှင့် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာရှိ မရမ်းချောင်းရေကင်းစခန်း တာမိုင်(၄၆/၃)တို့တွင် ဧရာဝတီမြစ်ရေတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပင်းတယမြို့နယ်တွင် ဈေးကွက်ဝင် Medicinal Marigold ပန်းများကို ဧကအများအပြားစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jul 15,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် Medicinal Marigold ပန်းမျိုးပင်များကို ကျေးရွာများရှိ တောင်ယာခြံများတွင် ဧကအများအပြား စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ၊   မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)  တို့ ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။