သတင်းများ

ကျောက်ကြီးမြို့နယ်၌ စာအုပ်/စာစောင်ပြပွဲပြုလုပ်
Jul 15,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာအုပ်/ စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ် အ.လ.က(ခွဲ)စျေးတန်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ နေ့ကြီးရက်ကြီးများမမေ့အပ်စေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အလယ်တန်းအဆင့် စာစီစာကုံးနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲကို ဇူလိုင်လ(၁၁)ရက်နေ့က ကျင်းပခဲ့ရာ ယနေ့နံနက် ၉ နာရီက ဟောပြောပွဲနှင့် ဆုပေးပွဲကို အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
မုဒုံမြို့၌ အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်းများပြတ်လပ်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Jul 15,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံစားကုန်၊ အိမ်သုံးဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်မှု ရှိ/ မရှိကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မြို့မစျေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များ၌ ကွင်းဆင်းစစ်ဆေးသည်။
ကျိုင်းလပ်မြို့ (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်အမှတ်အထက် ဆက်လက်မြင့်တက်လျက်ရှိသောကြောင့် အိမ်ထောင်စုဝင် (၁၀၀၀) ကျော် ရွှေ့ပြောင်းထား
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် မင်းဘူးမြို့ ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်၏ စိုးရိမ်ရေအမှတ်မှာ (၁၇၀၀) စင်တီမီတာဖြစ်ရာ (၁၇၇၅) စင်တီမီတာ စိုးရိမ်ရေအမှတ်အထက် (၂) ပေကျော် ရောက်ရှိနေသောကြောင့် ရေဘေးရှောင်စခန်းများသို့ အိမ်ထောင်စုဝင် (၁၀၃၂) စုအား ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
မိုးနဲမြို့နယ် နမ့်စလိုင် အ.လ.က(ခွဲ)ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေး
Jul 15,2024
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်း‌ကျောင်းခွဲ (နမ့်စလိုင်)ကျောင်း၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ (Grade-9) အောင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများ အသိပညာပေး ဟောပြော
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များ တွဲဖက်သင်ကြားသည့်ကျောင်းသို့ (Grade-9) အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ(၁၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။