သတင်းများ

မင်းလှမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၂) ကျောင်း ယာယီပိတ်ထား
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်ကျောင်းခွဲ (၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁) ကျောင်း စုစုပေါင်း(၂) ကျောင်းကို ယနေ့နံနက်ပိုင်းက စတင်ပြီး ယာယီပိတ်ထားကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်လှစ်
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သာယာဝတီမြို့နယ် သင်တောရိုးကျေးရွာ သာသနာ့ဗိမာန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ သတင်းရေးသားနည်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်လှစ်
Jul 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ (၂)နာရီက သတင်းရေးသားနည်းသင်တန်းအမှတ်စဉ်(၃/၂၀၂၄) ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Jul 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲ သတိတရရှိစေရန် ရည်ရွယ်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
လှိုင်မြို့နယ်၌ အဂတိလိုက်စားမှုပပျောက်ရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဂတိလိုက်စားမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Jul 15,2024
ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များကို သိရှိစေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုသိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-7 ကျောင်းသား /သူ (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များကို သိရှိစေရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုသိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-7 ကျောင်းသား/သူ (၄၅)ဦး တက်ရောက်ခဲ့သည်။