သတင်းများ

ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်
Jul 15,2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) အချိန်က ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ဧရာဝတီမြစ်ရေဝင်ရောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝန်လိုရပ်ကွက်၊ ပေါ်တော်မူရှင်ဖြူမြတ်စွာ ဘုရားကြီးရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက်၍ ရေဘေးသင့်ပြည်သူများ၏ နေထိုင်စားသောက်မှုအခြေအနေများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်(၁၅)အိတ်၊ ဆီပိဿာ (၆၀)၊ ကြက်ဥ (၉၀၀)လုံး၊ ခေါက်ဆွဲ​​​ခြောက် (၁၀) ဖာ၊ ပူတင်းပေါင်မုန့် (၁၅၀) ထုပ်၊ ရေဘေးသင့်ပြည်သူများအား ချက်ပြုတ်ကျွေးမွေးရန် ပေါ်တော်မူဘုရားဂေါပကအဖွဲ့သို့ ထောက်ပံ့ငွေ (၅၀၀၀၀၀ိ/-)ကျပ်နှင့် ခရိုင်/ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ရက်သတ္တပတ်(၂)ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၆၄၉၄၀၀ိ/-)ကျပ်တို့အား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဥပဒေစာကြည့်တိုက် အဆောက်အအုံ အသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jul 15,2024
တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဥပဒေစာကြည့်တိုက်အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ကျင်းပသည်။
အောင်လံမြို့၌ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဇူလိုင်လ (၁၃) ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သရက်တော၊ စက်ရုံ၊ စမ်းချောင်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများကို ယနေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့ရှိ ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာ ရွတ်ဆိုပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 15,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်ပြပွဲကို ယနေ့ နေ့လယ် (၂) နာရီက ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည်ရှုခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ
Jul 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်လှစ်
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သာယာဝတီမြို့နယ် သင်တောရိုးကျေးရွာ သာသနာ့ဗိမာန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။