မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ ဓနုဖြူမြို့နယ်၌ မြစ်ရေတက်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဓနုဖြူ ဇူလိုင် ၁၅

မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက ဓနုဖြူမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ဧရာဝတီဆိပ်ကမ်းနှင့် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာရှိ မရမ်းချောင်းရေကင်းစခန်း တာမိုင်(၄၆/၃)တို့တွင် ဧရာဝတီမြစ်ရေတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းက ဧရာဝတီဟင်္သာတဘက်ကမ်းတာနှင့် ဧရာဝတီအရှေ့ဘက်ကမ်းတာများ မြစ်ကမ်းပါးထိန်းသိမ်းထားမှုနှင့် တာတမံထိန်းသိမ်းထားမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန ဦးနောင်နောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)