သတင်းများ

ဘုတ်ပြင်းမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ
Jul 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်လှစ်
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သာယာဝတီမြို့နယ် သင်တောရိုးကျေးရွာ သာသနာ့ဗိမာန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီ၌ မှော်ဘီမြို့မဈေးနှင့် အင်းလျက်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ဖျာပုံမြို့နယ်တွင် ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးတက်စေရေး၊အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်စေရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်း ပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၁​၅) ရက်နေ့ နံနက် (၉) နာရီ အချိန်က ဖျာပုံမြို့နယ် သမိန်ထောကုန်းတန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
ဟင်္သာတ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လယ်ယာသုံး စက်ကရိယာ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း ဖွင့်ပွဲကျင်းပ
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ဟင်္သာတမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော (၁/၂၀၂၄_၂၀၂၅) လယ်ယာသုံးစက်ကရိယာ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတ မြို့ အမှတ် ၂ အလတ်စားစက်ပြင်အလုပ်ရုံ သင်တန်းခန်းမတွင်ကျင်းပခဲ့သည်။
မုံရွာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် ရိုးပြတ်များအား ယူရီးယားနှင့် အီးအမ် အသုံးပြု၍ မြန်မြန်ဆွေးမြေ့စေရန် ထယ်ထိုးမြေမြှုပ်ခြင်းအသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 15,2024
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ တိုင်းမြေအသုံးချရေးတာဝန်ခံနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ်အလုံရှိ နွေစပါးရိုးပြတ်စိုက်ခင်းများသို့ ရောက်ရှိပြီးကောက်ရိုး၊ ရိုးပြတ်များမီးရှို့ဖယ်ရှားခြင်းကြောင့် ထွက်ရှိလာမည့် မီးခိုးမြူငွေ့လျော့ချရေးကို ဆောင်ရွက်နိုင်ရန်၊ ပတ်ဝန်းကျင် လေထု၊ရေထု ညစ်ညမ်းမှုဆိုးကျိုးများကို သက်သာစေရန်၊ မြေဆီလွှာအတွင်း တဖြည်းဖြည်းယုတ်လျော့နေသော သဘာဝမြေဆွေးဓာတ်ကို ပြန်လည်တိုးပွားလာစေပြီး စဉ်ဆက်မပျက် စိုက်ပျိုးထုတ်လုပ်နိုင်စေရေး တည်ဆောက်နိုင်စေရန်တို့အတွက် ရည်ရွယ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် ရိုးပြတ်များအား ယူရီးယားနှင့် အီးအမ် အသုံးပြု၍ မြန်မြန်ဆွေးမြေ့စေရန် ထယ်ထိုးမြေမြှုပ်ခြင်းအသိပညာပေးလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြ၊ နေပြည်တော်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အခွန်ဘဏ္ဍာတိုးတက်ကောက်ခံရရှိရေး၊ လယ်ယာမြေများ စနစ်တကျစီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 15,2024
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အခွန်ဘဏ္ဍာတိုးတက်ကောက်ခံရရှိရေး၊ လယ်ယာမြေများ စနစ်တကျ စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ခေတ္တအမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ဟောပြောပွဲ ကျင်းပ
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲက အဆိုပါမြို့နယ်ရှိ (စ)ရပ်ကွက်၊ အ.ထ.က(၃၉)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။