သတင်းများ

ဖျာပုံမြို့၌ ဝါဆိုလပြည့် (ဓမ္မစင်္ကြာ) အခါတော်နေ့တွင် ဘုရားဖူးလာရောက်သူများ၊ အလှူဒါနပြုလုပ်သူများ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိ
Jul 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် ဇူလိုင်လ (၂၀) ရက်နေ့ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့၌ ဥပုသ်သီလ ဆောက်တည်သူများ၊ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပြုလုပ်သူများ၊ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လွိုင်ကော်မြို့၌ ၂၀၂၄ ခုနှစ်၊ ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Jul 21,2024
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် ဝါတွင်းသီလခံယူပွဲ ဖွင့်ပွဲကျင်းပ
Jul 20,2024
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)အခမ်းအနားများကို ယနေ့နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။ ရှေးဦးစွာရွှေတိဂုံစေတီတော်မြတ်ကြီးအားအရုဏ်ဆွမ်းတော်ကြီးဆက်ကပ်ပူဇော်ပွဲကိုစေတီတော်ရင်ပြင်ဧည့်ခံတန်ဆောင်း၌ကျင်းပရာဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့်ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jul 20,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆-ခုနှစ်၊ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် တာချီလိတ်ခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 20,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ခုနစ်ရက်အတွင်း ၁ဒသမ၈ပေခန့်ကျဆင်း
Jul 20,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧရာဝတီမြစ်ရေတိုင်းထွာချက်များအရ ခုနစ်ရက်အတွင်း ၁ဒသမ၈ပေခန့်အထိ ကျဆင်းလျက်ရှိကြောင်း သိရသည်။
ပညာ​ရေးဒီဂရီ​ကောလိပ်​ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jul 20,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုးလုံလေလုံအားကစားရုံတွင် ကျင်းပသည်။