သတင်းများ

မောက်မယ်မြို့၌ ၂၀၂၁- ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 09,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ပူးပေါင်း၍ သစ်တော/ သစ်ပင်များကို ပြုစုပျိုးထောင်စိုက်ပျိုးခြင်းဖြင့် အနာဂတ် မျိုးဆက်သစ်များ သာယာလှပသည့် အနာဂတ်ဘဝများရရှိစေရန်၊ သစ်တောသယံဇာတများ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၇ နာရီ က မောက်မယ်− ဟိုနမ့် − ဆိုက်ခေါင်လမ်း ဟိုနမ့်ကျေးရွာအုပ်စု၊ ဥယာစန်းကျေးရွာအနီး ကားလမ်းဘေးဝဲယာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 09,2021
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မြို့နယ် အဆင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ တွေ့ဆုံမိတ်ဆက်ပွဲနှင့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီအချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ထု၌ မိုးစပါးအပြီးလယ်မြေများတွင် စိုက်ပျိုးသည့် ဖူးစားပြောင်းများပေါ်ပြီ
Jun 09,2021
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ မိုးစပါးအပြီးလယ်မြေများတွင် သီးထပ်အဖြစ် စိုက်ပျိုးသည့် ဖူးစားပြောင်းများ ပေါ်ပြီဖြစ်၍ပြောင်းဖူး ၁၄ ဖူးလျင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချ နေကြပြီဖြစ်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် မွေးကင်းစအရွယ်မှ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်
Jun 09,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကျေးလက် ကျန်းမာရေး ဌာန ၊ဌာနခွဲများ ၊မိခင်နှင့်ကလေး ကျန်းမာရေးဌာတို့မှ ကျန်းမာရေးဝန်ထမ်း ဆရာ/ ဆရာမများက မွေးကင်း စအရွယ်မှ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ခြင်း/ဆေးထိုးခြင်းလုပ်ငန်းများကိုဇွန်၈ရက်နံနက်ပိုင်းကစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
Jun 09,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြဧရာ(၁) ခန်းမ၌ စတင်ထုတ်ချေးပေးသည်။
အမ်းမြို့၌ ကျောင်းတက်ကျောင်းဆင်းချိန်တွင် ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေး
Jun 09,2021
ရခိုင်ပြည်နယ် အမ်းမြို့၌ အခြေခံပညာကျောင်းများ၏ ကျောင်းတက်ကျောင်းဆင်းချိန်တွင် ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် (အမ်း) ယာဉ်ထိန်းတပ်ဖွဲ့ စိတ်မှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ပိုးလူနာတစ်ဦး တွေ့ရှိ၍ ဖောင်ကြီးဆေးရုံသို့ ပို့ဆောင်
Jun 09,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ ပိုးရှိလူနာတစ်ဦး စစ်ဆေးတွေ့ရှိရသဖြင့် ဖောင်ကြီးဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကိုဗစ်−၁၉ စည်းကမ်းနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jun 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲ အရွယ်အထိ ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။