ညောင်တုန်းမြို့၌ ငရုတ်ကောင်းပင် စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ဝင်ငွေရသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြစေရန်ရည်ရွယ်၍ ငရုတ်ကောင်းပင် စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဆားမလောက်-ညောင်တုန်းကားလမ်း လမ်းဘေးဝဲယာ၌ စုပေါင်းစိုက်ပျိုးခဲ့သည်။