ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ခုနစ်ရက်အတွင်း ၁ဒသမ၈ပေခန့်ကျဆင်း

ပခုက္ကူ ဇူလိုင်၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧရာဝတီမြစ်ရေတိုင်းထွာချက်များအရ ခုနစ်ရက်အတွင်း ၁ဒသမ၈ပေခန့်အထိ ကျဆင်းလျက်ရှိကြောင်း သိရသည်။

ပခုက္ကူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ၂၀ရက် မွန်းတည့်၁၂နာရီခွဲတိုင်းထွာချက်အရ ၂၂၂၅စင်တီမီတာ(၇၃)ပေရှိပြီး ဇူလိုင်လ၁၄ရက်တွင် ရောက်ရှိခဲ့သည့်  ၂၂၈၂စင်တီမီတာ(၇၄.၈)ပေထက် ၁ဒသမ၈ပေခန့် ကျဆင်းလျက်ရှိကြောင်း၊ ပခုက္ကူမြို့နယ်တွင် နောက်တစ်ရက်တစ်ရက်အတွင်း ဧရာဝတီမြစ်ရေ ထပ်မံကျဆင်းနိုင်ပြီး မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)