ကယားပြည်နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အား ပြည်နယ်ဝန်ကြီးချုပ်မှ သွားရောက်ဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jul 19,2024
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ ပြည်နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကနှင့် ပြည်နယ်သံဃာ့နာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တသီဟနန္ဒတို့အားသွားရောက် ဖူးမြှော်ကြည်ညိုခဲ့ပြီး ပြည်နယ်အတွင်းရှိ သံဃာတော်များ ဝါတွင်းကာလအဆင်ပြေစွာသီတင်းသုံးနိုင်ရေး၊ ပရိယတ္တိစာသင်တိုက်များ ဖွင့်လှစ်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာများအား လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွှေကျောင်းပရိယတ္တိ စာသင်တိုက်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။