ဖျာပုံမြို့၌ ဝါဆိုလပြည့် (ဓမ္မစင်္ကြာ) အခါတော်နေ့တွင် ဘုရားဖူးလာရောက်သူများ၊ အလှူဒါနပြုလုပ်သူများ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိ

ဖျာပုံ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် ဇူလိုင်လ (၂၀) ရက်နေ့ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့၌ ဥပုသ်သီလ ဆောက်တည်သူများ၊ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပြုလုပ်သူများ၊ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆို၊ဝါကပ်ကြမည့် ဆရာတော်အရှင်သူမြတ်များအား ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)၌ မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းနှင့် ရှစ်ပါးသီလ ခံယူဆောက်တည်လျက်ရှိကြသည်။ မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဝါဆိုလပြည့်နေ့တွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းစသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)