သတင်းများ

တန့်ယန်းမြို့နယ် အမှတ် (၁) ရပ်ကွက်၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Jul 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ အုပ်စု(၃)ရှိ ဝိန်းလောင်းတံတားထိပ်အနီး အိမ်တစ်လုံးတွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  သိရသည်။
တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက် ၇ နာရီတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် မြစ်မခမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၁၀)ကျောင်း‌ ခေတ္တယာယီပိတ်ထား
Jul 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေတတ်ပြီး မြစ်လက်တက်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် ရေးကြီးရေလျံမှုများဖြစ်ပေါ်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ စာသင်ကျောင်း(၁၀)ကျောင်း‌ ခေတ္တယာယီ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 22,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ လစဥ် ပုံမှန်သတ်မှတ်ရက်အတိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင် စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်
Jul 22,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ပင်စင်လစာ‌ငွေများ လစဉ်ပှံမှန်ထုတ်ပေးလျက်ရှိ
Jul 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ပင်စင်လစာငွေများ ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျေးရွာစာကြည့်တိုက်များ တိုးချဲ့ပြင်ဆင်နေမှု သန်လျင်၌ ကြည့်ရှု့စစ်ဆေး
Jul 22,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)ရုံး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းသည် ဦးစီးအရာရှိ ဒေါ်အိအိမွန်၊ သန်လျင်မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးဝင်း(ဝင်းသီဟ-သန်လျင်)၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်တွင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ ဓမ္မရသစာကြည့်တိုက်၊ ကွမ်းခြံကုန်းကျေးရွာရှိ ပညာရင်ခွင်သာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်မှူးများ၊ ကော်မတီဝင်များအားတွေ့ဆုံ၍ ရေရှည်ရှင်သန်ခိုင်မာရေး စာဌား စာဖတ်သူ တိုးပွားရေးစည်းရုံးဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ကျေးရွာစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေးသည်။
ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
Jul 22,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။