သတင်းများ

မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီးတွင် ဓမ္မာစကြာအခါတော်နေ့အခမ်းအနား ကျင်းပ
Jul 20,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပသည်။
ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးသို့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကား
Jul 20,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ယနေ့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့ဓမ္မစင်္ကြာနေ့တွင် (၅၂)ကြိမ်မြောက် ဝါတွင်းတရားပွဲတော်နှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကား
Jul 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့ဓမ္မစင်္ကြာနေ့တွင် (၅၂)ကြိမ်မြောက် ဝါတွင်းတရားပွဲကို ယနေ့နံနက်(၁၀)နာရီက ရင်ပြင်ပေါ်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ ပုညသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမေဓာနန္ဒနမှ ကိုးပါးသီလနှင့်ဝါဆိုသင်္ကန်းကပ်တရား၊ ရေစက်ချတရားတော်များ ဟောကြားခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် ဝါဆိုလပြည့်  (ဓမ္မစက်ြာအခါ‌တော်နေ့)၌ ရပ်ကွက်/ကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 20,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဝါဆိုလပြည့်  (ဓမ္မစက်ြာအခါ‌တော်နေ့)၌  ရပ်ကွက်/ကျေးရွာအသီးသီးရှိ ဗုဒ္ဓဘာသာဝင် ပြည်သူများကဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလခံယူဆောက်တည်ခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ် သမိုင်းဝင်ဆုတောင်းပြည့်မယ်လမုစေတီ၌ ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်သူများနှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကား
Jul 20,2024
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့ဖြစ်သော ဓမ္မစကြာအခါတော်နေ့၊ နေ့ထူးနေ့မြတ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ သမိုင်းဝင်ဆုတောင်းပြည့်မယ်လမုစေတီ၌  ယနေ့နံနက်(၆)နာရီကစ၍ ဝါဆိုလပြည့်နေ့ ဓမ္မာစင်္ကြာရွတ်ဖတ်ပူဇော်သူများ၊ ဥပုပ်သီလစောင့်တည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း
Jul 20,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်းဝါဆိုသင်္ကန်းများနှင့်အတူ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဝါဆိုလပြည့်နေ့တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား
Jul 20,2024
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးတို့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဂွမြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပ
Jul 20,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။