ကြံခင်းမြို့နယ်(အ.ထ.က)ဘက်ရဲကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Aug 25,2024
ကျောင်းသား လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဉာဏ်ရည်ထက်မြက်ပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့်လူငယ်များစွာ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက်ရဲမြို့ (အ.ထ.က) ဘက်ရဲကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိတေဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။