စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဈေးများအဆင့်မြှင့်တင်နေမှု လုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
Jul 29,2024
စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး၌ ဈေးဆိုင်အခန်းပေါင်း ၄၄ ခန်းပါဝင်သည့် အလျား - ၂၇၉ ပေ၊ အနံ - ၂၄ ပေ၊ RC ၂ ထပ် အဆောက်အဦသစ် တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ဗန္ဓုလဈေးဆိုင်ခန်း အဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာဈေး ဈေးဆိုင်ခန်း များ ပြုပြင်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။