လူမှုစီးပွားဖွံ့ဖြိုးတိုးတက်‌ရေးကော်မတီမှ စားသောက်ကုန်များဈေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တောင်ကြီး ဩဂုတ် ၂၅

ရှမ်းပြည်နယ် တောင်းကြီးမြို့အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ယမန် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝးတွင် ရှမ်းပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေယံဦးက စီးပွားရေးအသိုက်အဝန်း၌ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဖြစ်စေရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှုတိုက်ဖြက်ရေးလုပ်ငန်းများ၌ တက်ကြွစွာပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိသည်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူလူထုအနေဖြင့် စားသောက်ကုန်များဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် လျှောက်ထားလာသည့် လျှောက်လွှာများကိုအဆင့်ဆင့် စိစစ်မှုအခြေအနေများနှင့် အသင်းဝင်ကတ်ရရှိပါက လိုက်နာရမည့် ဥပဒေများ၊ အခွင့်အလမ်းများအား လုပ်ငန်းရှင်များဖြင့် အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးမှုများတွင် လစဉ်အသင်းဝင်ကြေးများပေးသွင်းခြင်း၊ အသင်းဝင်ကြေးအပေါ် နစ်နာမှုမရှိစေရေး လုပ်ငန်းစနစ်များအကြောင်း၊ စက်ပစ္စည်းများဝယ်ယူရာတွင် ချိတ်ဆက်ပေးမည့်လုပ်ငန်းများအကြောင်းနှင့် လူမှုဘဝခက်ခဲမှုရှိသူများအား ထောက်ပံ့ပေးမှုအခြေအနေများအား ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။                                                                                                 

ကျော်ဇင်(တောင်ကြီး)