Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား အသင့်စားခေါက်ဆွဲခြောက်ထုပ်များ သွားရောက်လှူဒါန်း
Jul 29,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာအုပ်စု၌ သံလွင်မြစ်ရေ၏ စိုးရိမ်ရေအမှတ် (၉၆၀) စင်တီမီတာကို ကျော်လွန်၍ ယမန်နေ့က (၁၂၁၀) စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် ကျေးရွာနေပြည်သူများက ရွှေဂွန်းကျေးရွာအထက်ဘုန်းတော်ကြီးကျောင်း၊ မြတ်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ Cyclone Shetter၊ ကားဝင်းကြီးဆိုင်ခန်း၊ ရတနာမွန်ဘုန်းတော်ကြီးကျောင်းစသည့် ရေဘေးကယ်ဆယ်ရေးစခန်း(၅)ခုတို့၌ အိမ်ထောင်စု စုစုပေါင်း (၁၂၆၉) စု၊ လူဦးရေ စုစုပေါင်း(၁၆၉၂)ဦးတို့မှာ ယာယီရေဘေးရှောင်နေကြရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၄၇၃၁၅) ဧကစိုက်ပျိုးပြီးစီး
Jul 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါး (၅၈၁၆၃) ဧက လျာထားစိုက်ပျိုးရာ ယနေ့အထိ (၄၇၃၁၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့ အထက(၁) ရာပြည့်ပွဲတော်အကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 29,2024
မကွေးတိုင်းဒေသကြီး သရက်မြို့အထက(၁) ရာပြည့်ပွဲတော်အကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းကို ယနေ့နံနက် (၈) နာရီက သရက်မြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်း စိုက်ပျိုးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းများ၌ ပြောင်းရွှေ့နေရာချထားပေး
Jul 29,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်အများစုနှင့် ကျေးရွာများအတွင်းရှိ နေအိမ်အများစုမှာ ရေဝင်နစ်မြုပ်မှုဖြစ်ပွားသည့်အတွက် ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ပေးနေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ရေဝင်ရောက်သည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု
Jul 29,2024
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဌာနဆိုင်ရာများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဝန်းအတွင်း ဖွင့်လှစ်ထားသော ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံး၌ လွိုင်ကော်မြို့အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကျရောက်လာပါက စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 29,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၄−၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ သံလွင်မြစ်ရေ စံချိန်တင်မြင့်တက်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လိုအပ်သည့်ကူညီထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ပေး
Jul 29,2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၅၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် အများဆုံးမြင့်တက်ခဲ့ သော ၉၃၈ စင်တီမီတာအထက်ကျော်လွန်၍ စံချိန်တင်မြင့်တက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၂) ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
Jul 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၆၂ ဒသမ ၈၅) သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၂) ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3458
Page
3459
Page
3460
Page
3461
Current page
3462
Page
3463
Page
3464
Page
3465
Page
3466
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department