သတင်းများ

ပုသိမ်မြို့၌ ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိတဒါန အရုဏ်ဆွမ်းဆက် ကပ်လောင်းလှူပွဲအခမ်းအနားကျင်းပ
Jul 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်း လောင်းလှူပွဲကို ယမန်နေ့နံနက်(၄)နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီ တော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ(ဒေါ်လှယဉ်ဓမ္မာရုံ)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်း လောင်းလှူ ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် အင်ဂျင်ပါဝါသုံး (၆)တန်းသွားလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါးများ လက်တွေ့စိုက်ပျိုး
Jul 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အမှတ်(၈၁)စက်မှုလယ်ယာ စခန်းမှ တောင်သူများနှင့်ပူးပေါင်းပြီး အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြောင်ပန်းကုန်း ကျေးရွာအုပ်စု တောင်သူ ဦးဇော်ထွန်းမြိုင် ကွင်းအမှတ်(၁၇၁)၊ ဦးပိုင်အမှတ်(၃၅-၂) လယ်မြေ (၃)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက မြို့နယ်ကိုယ်စားပြု အားကစားသမား များပေါ်ထွန်းလာစေရေး အားကစားပြိုင်ပွဲများ ကျင်းပ
Jul 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများက ထူးချွန်ထူးမြက်သောအားကစားပေါ်ထွန်းလာစေရေး ရည်ရွယ်၍ မြို့နယ်အဆင့် ပြေးခုန်ပစ် လူရွေးချယ်ပွဲအား ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်ဘောလုံးကွင်းသစ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ(၁၃၂၈)ဦးခန့်အား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့ထား
Jul 28,2024
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ(၁၃၂၈)ဦးခန့်အား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့ထားကြောင်း ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျွန်းစုမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်
Jul 28,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် ၂၅၆၈၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၈)ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ မကွေးမြို့ပေါ်ရှိကျောင်းတိုက်(၉၈)ကျောင်းမှ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝထ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ(၁၀၀၄)စုံ စုစုပေါင်းတန်ဖိုးငွေကျပ်(၇၃၃,၉၆၃၀ဝိ/-)သိန်းတို့ကို စုပေါင်းဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့်ကလိုရင်းဆေးရည်ဖျော်စပ်နည်း လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်
Jul 28,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကလိုရင်းဆေးရည်ဖျော်စပ်နည်းကို လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြသည်။
ပဲခူးမြစ်ရေကြီးမှုကြောင့် ယာယီရေဘေးရှောင်စခန်း ၁၀ခု ဖွင့်လှစ်ကာ ကူညီဆောင်ရွက်
Jul 28,2024
ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၉၇စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေသောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့်ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိသည်။