မြောင်းမြမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လာရောက်ကြသူများ၏ ရင်တွင်းစကားသံများ

မြောင်းမြ ဩဂုတ် ၂၅

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများစာအုပ်စာပေေလ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်လာရောက်သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြေပေးလိုက်ပါသည်။

ဦးစန်းဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ

ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေ စာဖတ်တဲ့အလေ့အထပိုမိုများလာအောင် စာပေဖတ်ခြင်းအားဖြင့် အတွေးအခေါ်ဗဟုသုတပညာတွေ တိုးပွားလာအောင်အတွက် ပြုလုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျွန်တော်တို့မြောင်းမြမှာ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရပါတယ်ခန်းမအတွင်းပြခန်းများကိုလည်း စုံလင်စွာထည့်သွင်းထားပါတယ်ဌာနဆိုင်ရာဝန်ထမ်းတွေ ပညာရေးဌာနကဝန်ထမ်းတွေ ကျောင်းသား၊ ကျောင်းသူတွေ မြို့သူမြို့သားတွေကော အားလုံးပူးပေါင်းပြီး စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်ခဲ့ပါတယ်နိုင်ငံတော်အဆင့်ပွဲတစ်ခုအနေနဲ့ လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်လည်း အများကြီးကျေနပ်ပါတယ် ကျေးဇူးလဲတင်ပါတယ်ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ အတွက်လည်း ဗဟုသုတတွေအတွေ့အကြုံကောင်းတွေလည်းအများကြီးရမယ်လို့ ယုံကြည်ပါတယ်

ဒေါ်ရွှေရည်၊ အ.ထ.က()ကျောင်းအုပ်ဆရာမကြီး

ယခုလို စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို ကျင်းပပေးတဲ့အတွက် အထူးပဲဝမ်းသာကြည်နူးမိပါတယ်။ ဒါအပြင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့  အ.ထ.က()မှာ နိုင်ငံတော်အဆင့်လက်ခံကျင်းပခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ဂုဏ်ယူမိပါတယ်ယခုလိုကျင်းပေးရတဲ့အတွက်ကြောင့် မသိရှိရေသးတဲ့ ဗဟုသုတတွေ စာအုပ်စာပေတွေ ပြခန်းများကို လေ့လာခွင့်ရတဲ့အပြင် လူငယ်စကားဝိုင်း၊ ဟောပြောပွဲတွေပါတဲ့အတွက်လည်း  ကျောင်းသားလူငယ်များ ဗဟုသုတအများကြီးရစေတဲ့အတွက် ဝမ်းသာကြည်နူးမိပါတယ်မြို့ပေါ်မှာရှိတဲ့ ကျောင်းသားကျောင်းသူများပါမက မြောင်းမြမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းတွေက ကျောင်းသားတွေ၊ ဆရာဆရာမနှင့် ကျောင်းသားမိဘတွေပါလာရောက်ပြီးတော့ လေ့လာခွင့်တက်ရောက်ရတဲ့အတွက်ကြောင့် ပိုမိုပြီးတော့ အကျိုးသက်ရောက်မှုရှိစေပါတယ်စာအုပ်စာပေတွေကို လာရောက်ပြီး သင့်တင့်သောဈေးနှုန်းများဖြင့် ရောင်းချပေးတဲ့အတွက်လည်း လေ့လာဖတ်ရှုချင်သူတွေအတွက် ပိုအဆင်ပြေကြပါတယ်ကလေးတွေအတွက် ပြခန်းတွေဖျော်ဖြေပွဲတွေလဲပါဝင်တာကြောင့် ကလေးအတွက် ဗဟုသုတရရှိပြီး ယခုလိုပွဲတော်တွေကို အခါသင့်လျော်စွာကျင်းပပေးရင် ကလေးတွေက ဗဟုသုတတွေပိုမိုရရှိလာမှာဖြစ်ပါတယ်အခြားမြို့နယ်တွေမှာလည်း ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပပေးခြင်းအားဖြင့် ကလေးတွေဟာ ပွဲတော်မှာပါဝင်ခွင့်ရမယ် ကိုယ်တိုင်လှုပ်ရှားခွင့်ရမယ် စာပေဗဟုသုများစွာကိုရမှာဖြစ်တဲ့အတွက်ကြောင့် သူတို့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်ယခုလို ဦးစီးပြီးကျင်းပတဲ့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာန အကြီးအကဲများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်

မောင်သန်းထွဋ်ဝင်း၊ မဟာကိုယ်ပိုင်အထက်တန်းကျောင်း (Grade-12)လူရည်ချွန်

ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပပေးတဲ့အတွက် အရမ်းပဲဝမ်းသာမိပါတယ် ကျွန်တော်တို့ ကျောင်းသားတွေ ဘက်စုံဖွံ့ဖြိုးစေဖို့အတွက် ဗလငါးတန်ဖွံ့ဖြိုးစေပါတယ် ကျွန်တော်တို့ ကျောင်းသားတွေ ပြခန်းများစွာတွေ့ရတဲ့အတွက် ဗဟုသုတရရှိစေပါတယ် ယခုလို ပြိုင်ပွဲတွေ ကလေးတွေအတွက် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြိုင်ပွဲများစွာကျင်းပပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ယခုလိုပွဲတော်ကျင်းပပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲများနှင့် သက်ဆိုင်ရာလူကြီးမင်းများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

မသဥ္ဇာလင်းလတ်ကိုကို(Grade-7)အထက()

သမီးတို့ကို ယခုလိုပွဲမျိုးတွေကျင်းပပေးတဲ့အတွက် နိုင်ငံတော်အစိုးရအကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ် ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ဝင်ရောက်ဖျော်ဖြေခွင့်ရတဲ့ အတွက်လည်းဝမ်းသာပီတိဖြစ်ရပါတယ် သမီးတို့ကျောင်းဝင်းအတွင်းမှာရှိတဲ့ စာအုပ်ပြပွဲ၊ ပြခန်းတွေနဲ့ ဗဟုသုတရတဲ့ဟာတွေကို မြင်ရတဲ့အတွက် ပိုပြီးတော့ ဗဟုသုတတိုးစေပါတယ် နောက်ထပ်လဲ ယခုလိုပွဲတော်တွေကျင်းပပေးဖို့အတွက်လည်း မျှော်လင့်မိပါတယ် ဒီလိုပွဲတွေပြုလုပ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

ခရိုင် (ပြန်/ဆက်)