တောင်ကြီးမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုး သင်တန်းဆင်းပွဲ ကျင်းပ
Jul 29,2024
ဟိုတယ်၊ တည်းခိုရိပ်သာနှင့် စားသောက်ဆိုင်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဝန်ဆောင်မှုအရည်သွေးပြည့်ဝနေစေရေးအတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုးကို (၄) ပတ်ကြာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယနေ့နံနက် (၉) နာရီက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုး သင်တန်းဆင်းပွဲ ကျင်းပသည်။