မြို့နယ်အတွင်း ဆည်ရေဖြန့်ဝေပေးနေသည့် စလင်းရေလက်တံ (၈) မြောင်းအား ရေစီးရေလာကောင်းမွန်ရေး စုပေါင်းဆောင်ရွက်
Jul 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရန် စလင်းမြို့နယ် လင်းဇင်းရေလှောင်တမံမှ စိုက်ပျိုးရေ ဖြန့်ဝေပေးသည့် စလင်းရေလက်တံ(၈)မြောင်းအား ရေစီးရေလာကောင်းမွန်စေရန်အတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူများ ပူးပေါင်းအဖွဲ့က ရေလက်တံမြောင်းရှိ ရေမှော်ပင်များ၊ နုန်းသဲများနှင့် ဒိုက်ပင်များ ဆယ်ယူရှင်းလင်းခြင်း၊ မြောင်းပေါင်ဘေး (ဝဲ ၊ ယာ) ရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။