သာပေါင်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူတို့က ငဝန်မြစ်တာတမံ တောင့်တင်းကြံ့ခိုင်ရေး သဲအိတ်ထည့်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က ငဝန်မြစ်တာတမံ တောင့်တင်းကြံ့ခိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူတို့က ရှမ်းကွင်းစခန်း၊ ငဝန်မြစ်တာတမံ (၇၂) မိုင်နှင့် လိန်ကုန်းစခန်းအမှတ် (၄) ငဝန်မြစ်တာတမံ (၇၄) မိုင် နေရာတို့တွင် သဲအိတ်ထည့်ရန် သဲစုပ်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)