Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုနှင့် တံတားများရေထိုးမှုအခြေအနေနှင့် ငဝန်တာ တာအိတာလျောခြင်းတို့အား ကြည့်ရှုစစ်ဆေး
Jul 29,2024
ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်တွင် ယခုရက်ပိုင်းအတွင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုနှင့် တံတားများရေထိုးမှုအခြေအနေများ နှင့် ငဝန်တာ တာအိတာလျောခြင်းတို့အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယခုလ (၂၇) ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် ယာယီရေးဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက မြို့နယ်အစီအစဉ်ဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာ သွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် မြိုနယ်အတွင်း ကျေးရွာအုပ်စုအချို့ရှိ ဒေသခံပြည်သူများအား ယာယီ ရေဘေး ရှောင်စခန်းသို့ တာဝန်ရှိသူများက ပြောင်းရွေ့ထားခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မြို့မဈေးသစ်အတွင်း ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွား
Jul 29,2024
ဧရာဝတီတိုင်းတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာ သွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ မြို့မဈေးသစ်အတွင်းသို့ ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေး ဟောပြော
Jul 29,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သစ်ပင်စိုက်ပျိုး ပြုစု၊ ထိန်းသိမ်းရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အထက-ဇီးကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရေး ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Jul 29,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး ပိုးလောက်လန်းနှင့် ခြင်ပေါက်ဖွားမှုမရှိစေရန် ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မမြောက်ရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်မှာကြား
Jul 29,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေး၊ ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် အခြေခံပညာကျောင်း (၂၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄) ကျောင်း ယာယီပိတ်ထားရ
Jul 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄) ကျောင်းကို ယနေ့မှစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3452
Page
3453
Page
3454
Page
3455
Current page
3456
Page
3457
Page
3458
Page
3459
Page
3460
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department