မောက်မယ် ဇူလိုင် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မောက်မယ်−ဟိုနမ့်−ဆိုက်ခေါင် လမ်းမကြီး ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ စတင်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လမ်းဦးစီးဌာန၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အဆိုပါမောက်မယ်−ဟိုနမ့်−ဆိုက်ခေါင် လမ်းမကြီးအား ၈၈.၁၈ကီလိုမီတာမှ ၈၈.၅၈ ကီလိုမီတာအတွင်း မူလ ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ်၊ အရှည် ၄ ကီလိုမီတာလမ်းအား ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာကကြီးကြပ်၍ လမ်းလုပ်သားများတို့က ခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနထံမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)