မအူပင် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံနတ္တော်ကျေးရွာအုပ်စု၊ ကံစုကျေးရွာတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၃) လုံးအမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး (၃၂၀၀၀၀၀/-) ခန့် ဆုံးရှုံးခဲ့ရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်နှင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်များရှိ မိသားစု ဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေပြီး ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များမှနေအိမ်များပြန်လည် ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)