မုံရွာ ဇူလိုင် ၂၉
စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး၌ ဈေးဆိုင်အခန်းပေါင်း ၄၄ ခန်းပါဝင်သည့် အလျား - ၂၇၉ ပေ၊ အနံ - ၂၄ ပေ၊ RC ၂ ထပ် အဆောက်အဦသစ် တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ဗန္ဓုလဈေးဆိုင်ခန်း အဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာဈေး ဈေးဆိုင်ခန်းများ ပြုပြင်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေး ကောင်မွန်စွာ တည်ဆောက်ရေးနှင့် သက်မှတ်ကာလတွင်အပြီး တည်ဆောက်ရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဗန္ဓုလဈေး ဈေး (၂) ထပ်အဆောက်အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချနေသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ် ကွက်ရှိ ပြည်ထောင်စုဈေးကြီး၌ အလျား - ၈၀ ပေ၊ အနံ - ၆၀ ပေရှိ ကုန် စိမ်းပွဲရုံ ၁၂ ရုံ တည်ဆောက်ရေးလုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ကုန်စိမ်းပွဲရုံများ တည်ဆောက်နေမှုလုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)