တာချီလိတ် ဇူလိုင် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ပညာအလင်း စာကြည့်တိုက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက စာအုပ်များ လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးစိုးစိုး (သုတစိုး-နေ့သစ်)က စာအုပ်လှူဒါန်းပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ပညာအလင်း စာကြည့်တိုက်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတရသစာအုပ် (၆၀) အုပ်၊ ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း(တာချီလိတ်)နှင့် မြို့နယ်စာရေးဆရာအသင်းမှ သုတရသစာအုပ် (၂၁၀) အုပ်၊ စုစုပေါင်း သုတရသစာအုပ် (၂၇၀) အုပ်အား ပေးအပ်လှူဒါန်းရာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းဆိုင်ကျောက်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရှိ နေ့သစ်ရည်ညွှန်း စာကြည့်တိုက်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး စာကြည့်တိုက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ မြို့နယ်စာရေးဆရာအသင်းနာယက ဦးစိုးစိုး(သုတစိုး-နေ့သစ်) နေ့သစ် ရည်ညွှန်းစာကြည့်တိုက်မှူးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)