သုံးခွမြို့နယ် ဖရုံကန်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

သုံးခွ ဇူလိုင် ၂၉

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် ၉ နာရီအချိန်က ဖရုံကန်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လ.ဝ.ကဦးစီးမှူး ဦးထွန်းဆွေက ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပ‌ဒေအ‌ကြောင်းအရာများ၊ ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိခြင်းကြောင့် ရရှိမည့်အကျိုး‌ကျေးဇူးများ၊ မပျောက်မပျက်အောင် စနစ်တကျထိန်းသိမ်းရန်လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အသက် ၁၆ နှစ်မှ ၁၈ နှစ်ထိနှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအားလိုအပ်သော သက်သေခံအထောက်အထားများ၊ စာရွက်စာတမ်းများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လ.ဝ.ကဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်/ ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)