လှည်းကူး ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး ငမိုးရိပ်ချောင်းရေမြင့်တက်လာမှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်အတွင်း ဇူလိုင်လ(၂၆)ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် လှည်းကူးမြို့အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များ၌ ရေများဝင်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)