မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာ‌ရည်ချွန် ဆုပေးပွဲကျင်းပ

 မြောက်ဥက္ကလာပ   ဇန်နဝါရီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အမှတ် (၄)အခြေခံပညာ အလယ်တန်းကျောင်းမှ Grade-9 ကျောင်းသား၊ ကျောင်း သူများက "မြန်မာကျောင်းသီချင်းဖြင့်  ဖျော်ဖြေခဲ့ကြပြီး အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန်နှင့် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဖုန်းနိုင်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာရည် ချွန်ဆုပေးပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသော အလှူရှင်များ၊ ကျောင်းအတွင်း ခွင့်ရက်မပျက်ဆုနှင့် သင်ကြားရေးတွင် ထူးချွန်ဆုရရှိကြသော ဆရာ၊ ဆရာမများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-4 မှ Grade-9 အထိ အတန်းများအလိုက် ပညာရည်ချွန်ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် တာ၀န်ရှိသူများက  ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဆုများ အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူလေးများက တေးသီခြင်း အမျိုးမျိုးဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး  ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်းသိရသည်။

 သက်လွင်စိုး (ပြန်/ဆက်)