ကျွန်းလှ ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြို့နယ်အဆင့် သံဃာ့နာယကအဖွဲ့ အစားထိုးရွေးချယ်ခြင်းကို ယနေ့နံနက် ၈ နာရီက ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦးကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အဆင့်ဆင့် လစ်လပ်သော နေရာများအတွက် အဆိုပြုတင်သွင်းခြင်း၊ ထောက်ခံခြင်း၊ ရွေးချယ်တင်မြောက်ခြင်းများ ဆောင်ရွက်သည်။
ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ သံဘိုကျောင်းတိုက် ဆရာတော် ဦးစန္ဓိမာက ဩဝါဒစကားမိန့်ကြားပြီး မြို့နယ်သာသနာရေးမှူး ဦးဖြိုးလျံမြတ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ဆရာတော်သံဃာတော်များက မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဠတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ