သာယာဝတီဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူများ/အချုပ်သားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းကုသ

သာယာဝတီ ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ ညွှန်ကြားမှုဖြင့် သာယာဝတီမြို့နယ်၌ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံအုပ်ဦးဆောင်သော အထူးကုဆရာဝန်များသည် သာယာဝတီဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူ/အချုပ်သားများအား ယနေ့နံနက် ၁၀ နာရီက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းကုသမှု ပြုလုပ်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကုသရာတွင် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ သူနာပြုများသည် အကျဉ်းသား/အကျဉ်းသူ (၅၅၉) ဦးတို့အား အခြေခံရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ပြုလုပ်‌ပေးပြီး လိုအပ်သော ဆေးဝါးနှင့် ကုသခြင်းများကို ကွင်းဆင်းကုသပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆေးကုသရာသို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့်အဖွဲ့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)